ဒါကတော့ ကျွန်တော့်ပုံဖြစ်ပါတယ်!
ကျွန်တော့်အကြောင်း
အမည် - ဝေယံလင်း
အခြားအမည် - မိုးယံထက် ၊ Black Rose(Lover Poem)
ဆက်သွယ်ရန် - [email protected]
- [email protected]
Website များ - www.waiyanlinnmdy.weebly.com
- www.moeyanhtet.webs.com
မင်္ဂလာပါ . . . . .
Aug 12, 2011 Posted in www.waiyanlinnmdy.weebly.com
အားလုံးမင်္ဂလာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် အရင်ဆုံးမိတ်ဆက်ပေးပါမယ်။ ကျွန်တော်ကတော့ မန်းလေးမှာ နေတာပါ။ အင်တာနက်ကိုတော့ ၈တန်းလောက်ကတည်းကစသုံးခဲ့တာပါ။၁၀တန်းရောက်တော့ ပညာရေးဘက်မှာ မလစ်ဟင်းအောင် နေတဲ့ကြားက အင်တာနက်ကိုသုံးဖြစ်ပါတယ်။ပထမဆုံး မြန်မာချက်အွန်လိုင်း ၊ မြန်မာအိုင်တီပညာရှင်များ မှာစတင်အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာဝက်ဘ်ဆိုက်တော်တော်များများကိုဝင်ရောက်လေ့လာဖြစ်ပါတယ်။
အင်တာနက်ပေါ်မှာ လှည့်လည်နေထိုင်ပြီးနောက် ကျွန်တော် Website ဘက်လှည့်ခဲ့ပါတယ်။ ပထမဆုံး Google က Service ပေးတဲ့ Website မှာ ကိုယ်ပိုင်Web တစ်ခုကို စတည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက မသုံးတတ်သေးတော့ ခဏဝေးကွာခဲ့ပါတယ်။ အခု Website ရေးဖို့ စိတ်ပြန်ဝင်စားလာလို့ Website တစ်ခုထောင်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံးပို့(စ်)ပါ။
ကျွန်တော် ဒီWebsite လေးကို နေ့စဉ်နေ့တိုင်း Update ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး တင်ပေးသွားပါမယ်။ ဒီWebsite ကတော့ ကျွန်တော့်ရဲ့ ခံစားမှုတွေ၊ အတွေးတွေ ပြီးတော့ သတင်းတွေကို တင်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်က ကဗျာရေးတာဝါသနာပါသည့်အတွက် ကဗျာတွေကိုတင်ပေးထားပါတယ်။ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေဗျာ . . .
ကျွန်တော့်ဆီဆက်သွယ်ချင်ရင်တော့ [email protected] အစား [email protected]သို့ဆက်သွယ်နိုင်ပါတယ်ဗျာ.
သူငယ်ချင်းတို့ ထည့်သွင်းစေချင်သော အကြောင်းအရာများရှိလျှင် Mail ပေးပို့နိုင်ပါသည်။
ဝေယံလင်း (Mandalay)